၈၈၈၈ အရေးတော်ပုံ နှင့်ပတ်သက်၍ FRC ၏ သဘောထား
(၂၃) နှစ်ပြည့် ၈၈၈၈ အရေးတော်ပုံ နှင့်ပတ်သက်၍ FRC ၏ သဘောထားထုတ်ပြန်ကြေညာချက်။
နေ့စွဲ။ ၈-၈-၂၀၁၁
၁။ ယနေ့သည် မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ ရဟန်းရှင်လူ၊ကျောင်းသား၊ပြည်သူတရပ်လုံးမှ စစ်အာဏာရှင်အစိုးရနှင့်ဆိုရှယ်လစ်လမ်းစဉ်တစ်ပါတီစနစ်အားပြတ်ပြတ်သားသားရှုတ်ချဆန့်ကျင်ခဲ့သော(၈၈၈၈)အရေးတော်ပုံကြီး၏ (၂၃)နှစ်မြောက်သမိုင်းဝင် ပြည်သူ့ အရေးတော်ပုံနေ့ဖြစ်သည်။
၂။ ယနေ့တွင်(၈၈၈၈) အရေးတော်ပုံအတွင်း၌ ကျဆုံးသွားသောအာဇာနည်ရဲဘော်ညီ အစ်ကိုမောင်နှမများ၊နိုင်ငံရေးအကျဉ်းသားများအဖြစ်အကျဉ်းထောင်အသီးသီးတွင်ကျခံနေရသောညီအစ်ကိုမောင်နှမများနှင့်တကွဇွဲလုံ့လဖြင့်ဆက်လက်တိုက်ပွဲဝင်နေကြသောရဲဘော်ညီအစ်ကိုမောင်နှမများအားလှိုက်လှိုက်လဲလဲဂုဏ်ပြုအပ်ပါသည်။
၃။ ဒီမိုကရေစီအရည်ခြုံရုပ်သေး အစိုးရသည်တိုင်းပြည်အတွင်းရှိ ပြည်သူလူထုတရပ်
လုံးအပေါ်တွင်ညှင်းပန်းနှိပ်စက်ဖိနှိပ်ချုပ်ချယ်မှုများဆက်လက်ကျူးလွန်နေသည်သာမက၊နိုင်ငံတကာအသိုင်းအ၀န်းအားလိမ်လည်လှည့်ဖြားနေ၍တိုင်းပြည်၏သယံဇာတများကိုလည်း လက်ဝါးကြီးအုပ် အမြတ်ထုတ်ကာ၊ စစ်အုပ်စုတစုကောင်းစားရေး ၊၄င်းတို့အာ
ဏာအဓွန့်ရှည်ရေးအတွက် ပြုလုပ်နေကြခြင်းသာဖြစ်သည်။ တိုင်းပြည်၏အခြေခံလိုအပ်
ချက်များအားဖြည့်ဆည်းခြင်းမရှိ၊နိုင်ငံရေးအကျဉ်းသား(၂၀၀၀)ကျော်ဆက်လက်ဖမ်းဆီးထားခြင်း၊နိုင်ငံရေးလှုပ်ရှား နေကြသည့် ဒီမိုကရေစီ အင်အားစုများအား ဖမ်းဆီးနှိပ်စက်
သတ်ဖြတ်အကျဉ်းချနေခြင်း၊ဒီမိုကရေစီကျင့်စဉ်ဖြစ်သည့်လွတ်လပ်စွာပြောဆိုခွင့်၊လွတ်လပ်စွာရေးသားပိုင်ခွင့်၊လွတ်လပ်စွာစည်းရုံးပိုင်ခွင့်၊လွတ်လပ်စွာအသင်းပင်းဖွဲ့စည်းတည်ထောင်ပိုင်ခွင့်များကိုပိတ်ပင်ခြင်း၊လယ်ယာမြေများကိုမတရားသိမ်းပိုက်ခြင်း၊ကျေးရွာများအတင်းအဓမ္မပြောင်းရွေ့ခိုင်းခြင်း၊တိုင်းရင်းသားများကိုထိုးစစ်ဆင်ခြင်း၊စစ်မြေပြင်တွင်လူသားများကိုအတင်းအဓမ္မခိုင်းစေခြင်း၊ခလေးစစ်သားများစုဆောင်းခြင်း၊စစ်မြေပြင်တွင်အမျိုးသမီးများကိုအဓမ္မပြုကျင့်ခြင်း၊နယ်ခြားဒေသများရှိတိုင်းရင်းသားများအားဘာသာရေးအရခွဲခြားဆက်ဆံခြင်းနှင့်လူ့အခွင့်အရေးများချိုးဖေါက်နေခြင်းများဆက်လက်ပြုလုပ်နေပါသည်။
သို့ဖြစ်ပါ၍-
(၂၃) နှစ်ပြည့် ၈၈၈၈ အရေးတော်ပုံကြီး ဂုဏ်ပြုကြေညာစာတမ်း။
(၁) စစ်မှန်သောဒီမိုကရေစီရရှိရေး………………………….ဒို့အရေး……..ဒို့အရေး။
(၂) နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး………….ဒို့အရေး……..ဒို့အရေး။
(၃) လူ့အခွင့်ချိုးဖေါက်မှုများအားရပ်တန့်ရေး……………. ဒို့အရေး……..ဒို့အရေး။
(၄) အမျိုးသားပြန်လည်သင့်မြတ်ရေး……………………………..ဒို့အရေး……..ဒို့အရေး။
(၅) ကျောင်းသားသမဂ္ဂတရားဝင်ဖွဲ့စည်းတည်ထောင်ရေး.ဒို့အရေး……..ဒို့အရေး။
၎။ စစ်မှန်သောဒီမိုကရေစီတော်လှန်ရေးအားမိမိတို့ကဏ္ဍအသီးသီးမှ မလျှော့သောဇွဲဖြင့် အရည်ခြုံစစ်အစိုးရဆက်လက်တိုက်ပွဲဝင်သွားရန် ဤ ၂၃ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံကြီးနေ့ တွင် မြန်မာပြည်သူလူထုများအားလုံးသို့လှုံ့ဆော်လိုက်ပါသည်။
လွတ်လပ်သောရိုဟင်ဂျာလှုပ်ရှားမှုအဖွဲ့၊
